ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော်သည့် ပဉ္စမတန်း (Grade 5) သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို လေ့လာဆန်းစစ်အကဲဖြတ်နိုင်ရန် ရည်ရွယ်၍ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့မှ (၂၅) ရက်နေ့အထိ သင်တန်းပို့ချရာ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် (၈) မြို့နယ်သို့ အဖွဲ့ (၈) ဖွဲ့ ဖြင့် အသီးသီးသွားရောက်၍ ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို အခြေခံပညာဦးစီးဌာနမှ မူလတန်းပြဆရာ၊ ဆရာမ (၁၄၂) ဦး၊ အလယ်တန်းပြဆရာ၊ ဆရာမ (၅) ဦး၊ မူလတန်းကျောင်းအုပ် (၁၂၈) ဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး (၆) ဦးနှင့် မြို့နယ်ပညာရေးမှူး (၁) ဦး၊ စုစုပေါင်း (၂၈၂) ဉီး တက်ရောက်ခဲ့ပါသည်။






