ဦးစီးဌာန၏ မျှော်မှန်းချက်
လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းများနှင့် ပညာသင်ယူရာ ဌာနများ၏ သင်ကြားသင်ယူမှုများ၊ သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စေပြီး၊ အရည်အသွေး ပြည့်ဝသော ပညာရေးစနစ်ကို မြှင့်တင်ပေးနိုင်ရန်ဖြစ်သည်။
ဦးစီးဌာန၏ ရည်မှန်းချက်များ
(က) ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းများ နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို လေ့လာဆန်းစစ် အကဲဖြတ်ရန်
(ခ) ပညာရေးဝန်ကြီးဌာန၏ ချမှတ်ထားသောမူဝါဒများကို ပုံဖော်နိုင်မည့် ပညာရေးဆိုင်ရာ ရလဒ်အစီရင်ခံစာများကို ရေးသားတင်ပြရန်
(ဂ) ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ဌာနများ ပူးပေါင်း၍ လေ့လာဆန်းစစ်အကဲဖြတ်ရေး လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ဆောင်ရွက်ရန်
မူဝါဒများ
- လေ့လာဆန်းစစ်အကဲဖြတ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် လိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးရေး
- ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဦးစီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ရေး
- လေ့လာဆန်းစစ်တွေ့ရှိချက်များကို ပကတိအတိုင်း တင်ပြနိုင်ရေးနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်ရေး