သင်ကြားရေးနှင့်ပညာရည်စစ်ဆေးခြင်းဆိုင်ရာအကဲဖြတ်ဌာန၏ လုပ်ငန်းတာဝန်များ
- ပညာသင်ကြားသင်ယူမှုနှင့် ပညာရည်စစ်ဆေးခြင်းလုပ်ငန်းစဉ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ရန် စီမံချက်များ ရေးဆွဲ ခြင်း၊ Survey Questionnaire များနှင့် Methodology များ ပြုစုခြင်း၊ Data System များ တည်ဆောက်ခြင်း၊
- သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နမူနာအခြေပြု လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်း၊
- ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်း၊
- အခြေခံပညာအဆင့် အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒအရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အကဲဖြတ်ခြင်း၊
- ပညာရေးဆိုင်ရာ လေ့လာဆန်းစစ်မှုရလဒ်များအား စနစ်တကျ စုစည်းခြင်း၊ တွက်ချက်ခြင်း၊ ကောက်ချက်ချခြင်းများဆောင်ရွက်ပြီး အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များပါဝင်သော လေ့လာဆန်းစစ်အကဲဖြတ် အစီရင်ခံစာများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ ပြုစုတင်ပြခြင်း၊
သင်ရိုးညွှန်းတမ်းနှင့် လေ့ကျင့်မှုသင်တန်းဆိုင်ရာ အကဲဖြတ်ဌာန၏ လုပ်ငန်းတာဝန်များ
- သင်ရိုးညွှန်းတမ်းနှင့် လေ့ကျင့်မှုသင်တန်းဆိုင်ရာ လုပ်ငန်းစဉ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ရန် စီမံချက်များ ရေးဆွဲ ခြင်း၊ Survey Questionnaire များနှင့် Methodology များ ပြုစုခြင်း၊ Data System များ တည်ဆောက်ခြင်း၊
- သင်ရိုးညွှန်းတမ်းနှင့် လေ့ကျင့်မှုသင်တန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နမူနာအခြေပြု လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်း၊
- သင်ရိုးညွှန်းတမ်းဆိုင်ရာ သင်တန်းများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်း၊
- လုပ်ငန်းခွင်အကြိုသင်တန်းများ၊ လုပ်ငန်းခွင် သင်တန်းများ၊ မွမ်းမံသင်တန်း များ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ကာလတို၊ ကာလလတ်၊ ကာလရှည် သင်တန်းများ စသည်တို့ကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း
- လေ့လာဆန်းစစ်မှုရလဒ်များအား စနစ်တကျ စုစည်းခြင်း၊ တွက်ချက်ခြင်း၊ ကောက်ချက်ချခြင်းများ ဆောင်ရွက်ပြီး အားသာချက်၊ အားနည်းချက်၊ အကြံပြု ချက်များပါဝင်သော လေ့လာဆန်းစစ်အကဲဖြတ် အစီရင်ခံစာများကို ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ ပြုစုတင်ပြခြင်း၊
စီမံ/ ဘဏ္ဍာဌာန၏ လုပ်ငန်းတာဝန်များ
- ဌာန၏ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- ဝန်ထမ်းခန့်ထားရေး၊ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- ဌာနခွဲအသီးသီး၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရေး၊ သတင်းအချက်အလက် စီးဆင်းမှု အားကောင်းစေရေးတို့ အတွက် ပံ့ပိုးကူညီဆောင်ရွက်ခြင်း၊
- ဌာနခွဲအသီးသီးက အသုံးပြုနိုင်ရန် အချက်အလက်များအား စုစည်းသိမ်းဆည်း ထားသည့် စနစ် (Database System) ထူထောင်ခြင်း၊
သုတေသနနှင့် စီမံကိန်းအကဲဖြတ်ဌာန၏ လုပ်ငန်းတာဝန်များ
- စီမံကိန်းများ၊ စီမံချက်များ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်မှုအခြေအနေများကို လေ့လာဆန်းစစ်မှုများပြုလုပ်ရန်အတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ Survey Questionnaire များနှင့် Methodology များပြုစုခြင်း၊ Data System များ တည်ဆောက်ခြင်း၊
- တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် လေ့လာဆန်းစစ် အကဲဖြတ်မှုများ ပြုလုပ်ခြင်း၊
- ဦးစီးဌာနများ၏ ပညာရေးစီမံကိန်းများ၊ စီမံချက်များ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို လေ့လာဆန်းစစ်အကဲဖြတ်မှုများ ပြုလုပ်ခြင်း၊
- ဦးစီးဌာနအသီးသီး၏ နှစ်အလိုက် ဘဏ္ဍာငွေ၊ အသုံးစရိတ်စီမံခန့်ခွဲမှုနှင့် စီမံကိန်းရလဒ်များအား အကဲဖြတ်ခြင်းနှင့် နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း၊
- လေ့လာဆန်းစစ်မှုရလဒ်များအား စနစ်တကျစုစည်းခြင်း၊ တွက်ချက်ခြင်း၊ ကောက်ချက်ချခြင်းများ ဆောင်ရွက်ပြီး အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များပါဝင်သော လေ့လာဆန်းစစ်အကဲဖြတ် အစီရင်ခံစာများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ ပြုစုတင်ပြခြင်း၊
နိုင်ငံတကာပညာရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အကဲဖြတ်ဌာန၏ လုပ်ငန်းတာဝန်များ
- နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပညာရေးစနစ်များနှင့် မိမိနိုင်ငံတွင် လက်ရှိ အကောင်အထည်ဖော်နေသည့် ပညာရေးစနစ်များကို နှိုင်းယှဉ်လေ့လာသုံးသပ်ခြင်း၊
- နိုင်ငံတကာတွင် ကျင့်သုံးနေသည့် လေ့လာဆန်းစစ်အကဲဖြတ်ခြင်းစနစ်များကို လေ့လာသုံးသပ်၍ မိမိ၏ပညာရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် လေ့လာဆန်းစစ်ခြင်းအကဲဖြတ်ခြင်းဆိုင်ရာ စနစ်များကို ပေါင်းစပ်ကျင့်သုံးခြင်း၊
- တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် နိုင်ငံတကာပညာရေး ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ (Research Collaboration, Student Exchange, Teacher Exchange Programme စသည်) ကို လေ့လာဆန်းစစ်ခြင်း၊
- ဦးစီးဌာနအသီးသီး၏ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ ပညာရေးမြှင့်တင်ခြင်းဆိုင်ရာ စီမံကိန်းများ၊ MOU၊ MOA ရေးထိုးဆောင်ရွက်မှုဆိုင်ရာ အခြေအနေများကို လေ့လာဆန်းစစ်ခြင်း၊
- လေ့လာဆန်းစစ်မှုရလဒ်များအား စနစ်တကျစုစည်းခြင်း၊ တွက်ချက်ခြင်း၊ ကောက်ချက်ချခြင်းများဆောင်ရွက်ပြီး အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များပါဝင်သော လေ့လာဆန်းစစ်အကဲဖြတ် အစီရင်ခံစာများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးသို့ ပြုစုတင်ပြခြင်း၊