နောက်ခံသမိုင်းကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ၏ ကြိုတင်ခွင့်ပြုချက်အရ ပညာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအတွင်းမှ အရာထမ်းရာထူး (၁၆) နေရာ၊ အမှုထမ်းရာထူး (၃၈) နေရာဖြင့် ဖွဲ့စည်းထားသော လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) နှင့် အရာထမ်းရာထူး (၁၀) နေရာ၊ အမှုထမ်းရာထူး (၂၂) နေရာဖြင့် ဖွဲ့စည်းထားသော လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန) တို့အား ပေါင်းစပ်ပြီး အရာထမ်းရာထူး (၂၅) နေရာ၊ အမှုထမ်းရာထူး (၆၀) နေရာ၊ စုစုပေါင်းရာထူး (၈၅) နေရာ ပါဝင်သော လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနအဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက် (၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၅) ရက်)နေ့တွင် အောက်ပါအတိုင်းဖွဲ့စည်းခဲ့သည်။

အရာထမ်းအမှုထမ်းစုစုပေါင်း
၂၅ ဦး၆၀ ဦး၈၅ ဦး

ညွှန်ကြားရေးမှူးချုပ်

ဒေါက်တာအောင်ဆွေထွန်း

တည်နေရာ

ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်

လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏ဆောင်ပုဒ်

ပညာရေးကဏ္ဍမြင့်မားရေး လေ့လာဆန်းစစ်အဖြေရှာပေး