တက္ကသိုလ်ဝင်တန်းတွင် ဇီဝဗေဒဘာသာရပ်အား သင်ယူသူနည်းပါးလာခြင်းအပေါ် လေ့လာဆန်းစစ်အကဲဖြတ်ခြင်း

လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) သည် လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန) နှင့် ပူးပေါင်း၍ အခြေခံပညာ အထက်တန်းအဆင့်တွင် ဇီဝဗေဒဘာသာရပ် သင်ယူရေးကို အားပေးဆောင်ရ္ပက်ရန် နှင့် ဇီဝဗေဒဘာသာရပ် သင်ယူမှုနည်းပါးလာရခြင်း၏ အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်ရန် စစ်တမ်းမေးခွန်းလွှာပြုစုခြင်း၊ တွေ့ဆုံမေးမြန်းမှု (Interview) မေးခွန်းလွှာ ပြုစုခြင်းနှင့် အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာကို ရေးသားတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။