လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)
၂၀၁၇ ခုနှစ် ဇူလိုင်လတွင် လေ့လာဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation) စတင်မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) မှ အရာထမ်း၊ အမှုထမ်းအားလုံး တက်ရောက် ဆွေးနွေးခဲ့သည်။ မြန်မာအစိုးရနှင့် ဩစတျေးလျအစိုးရတို့၏ ပူးတွဲအစီအစဉ်တစ်ခုဖြစ်သည့် မြန်မာ့ပညာရေးအရည်အသွေးမြင့်မားရေး လုပ်ငန်းအစီအစဉ် (My- EQIP) အရ ပညာရေးဝန်ကြီးဌာန၏ ဦးစီးဌာနများရှိ Monitoring and Evaluation စနစ်များ ဖွံဖြိုးရေးနှင့် တိုးတက်ရေးအတွက် ဝင်ရောက် ကူညီပေးနိုင်ရန်၊ အရည်အသွေးဆိုင်ရာ အချက်အလက်များစုဆောင်းခြင်း (Qualitative Data) နှင့် အရေအတွက်ဆိုင်ရာ သတင်းအချက်အလက်များစုဆောင်းခြင်း (Quantitative Data) တို့၏ ခြားနားချက်နှင့် လေ့လာဆန်းစစ်အကဲဖြတ်ခြင်းအစီအစဉ် (M&E Plan) တို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကနဦးအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ဦးစီးဌာန (၅) ခု၏ လက်ရှိဆောင်ရွက် ကျင့်သုံးနေသော လေ့လာဆန်းစစ်အကဲဖြတ်မှု အခြေအနေများကို သိရှိရန်အတွက် M&E Diagnostic ပြုလုပ်ခြင်းတို့ကို အခြားဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သည်။