မြန်မာ့ပညာရေးအရည်အသွေးမြင့်မားရေးလုပ်ငန်းအစီအစဉ် (My-EQIP) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) မှ အရာထမ်း၊ အမှုထမ်းများသည် မြန်မာနိုင်ငံပညာရေးအရည်အသွေး တိုးတက်ရေးအစီအစဉ် (My-EQIP) ၏ လေ့လာဆန်းစစ်အကဲဖြတ်ပင်မအဖွဲ့ (M&E Core Team) တွင် ဦးစီးဌာနအလိုက် M&E Plan ရေးဆွဲခြင်း၊  Department Annual Implementation Plan ရေးဆွဲခြင်း၊ M & E Glossary စာအုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခြင်း၊ ဦးစီးဌာနများအလိုက် လေ့လာဆန်းစစ်အကဲဖြတ်ရေးအစီအစဉ် (Departmental Monitoring and Evaluation Plan) ရေးဆွဲခြင်းတို့တွင်  ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။  ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ မေလ (၁၄) ရက်နေ့မှ မေလ (၁၈)  ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော “Quality Assurance through Results Based Monitoring and Evaluation” အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့သည်။  ၂၀၁၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ကျင်းပသော  2018 M&E Diagnostics Process အလုပ်ရုံဆွေးနွေးပွဲတွင် ပူးပေါင်းပါဝင် ဆွေးနွေးခဲ့သည်။   မြန်မာနိုင်ငံပညာရေးအရည်အသွေး တိုးတက်ရေးအစီအစဉ် (My-EQIP) ၏ ဆက်သွယ်သတင်းဖြန့်ရေးလုပ်ငန်းအဖွဲ့ (Communication Strategy Task Team) တွင် Communication Glossary များ ဖော်ထုတ်သတ်မှတ်ခြင်း၊  ပညာရေးသတင်းလွှာနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခြင်း၊ ဆက်သွယ်ရေးနည်းလမ်းများ ဖော်ထုတ်ခြင်းတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံပညာရေးအရည်အသွေး တိုးတက်ရေးအစီအစဉ် (My-EQIP) ၏ သုတေသနလုပ်ငန်းအဖွဲ့ (Research Team) တွင် Social Inclusion Stakeholders Mapping Action Plan ရေးဆွဲခြင်း၊ သုတေသနလုပ်ငန်းဆိုင်ရာများ ဆွေးနွေးညှိနှိုင်းခြင်းတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံပညာရေးအရည်အသွေး တိုးတက်ရေးအစီအစဉ် (My-EQIP) ၏ ကျောင်းအရည်အသွေးအာမခံမှုအညွှန်းဘောင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (SQASF Development Team) တွင် ဦးစီးဌာနအားလုံးမှ အချက်အလက်များ စုစည်းခြင်း၊ အညွှန်းဘောင်ရေးဆွဲခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ အညွှန်းဘောင်လက်စွဲနှင့်  Facilitator Guidelines များ ရေးဆွဲခြင်း၊ ကျောင်းအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ပုံစံဇယားကို ဖော်ထုတ်ခြင်း၊ အခြေခံပညာကျောင်းများတွင် အညွှန်းဘောင်ကို ရှေ့ပြေးစမ်းသပ်ခြင်း၊ SQASF Process Monitoring Trip သွားရောက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ My-EQIP ၏ Social Inclusion Team တွင် DAIP နှင့် M&E Plan တို့ ရေးဆွဲရာတွင် Social Inclusion ကဏ္ဍကို ထည့်သွင်းနိုင်ရေးနှင့်။ SQASF နှင့် SQIP လုပ်ငန်းများ ဆောင်ရွက်ရာတွင် Social Inclusion ကို ပိုမိုပါဝင်စေရေးတို့အတွက် Social Inclusion Practical Approach လက်စွဲစာအုပ် ရေးသားရာတွင်လည်းကောင်း၊ Social Inclusion ဆိုင်ရာ သင်တန်းများ ပို့ချရာတွင်လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။