လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)
၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးကဏ္ဍခွဲအလိုက် ဦးစီးဌာနများ၏ စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်း (Annual Performance Review- APR) ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ၂၁.၈.၂၀၁၇ ရက်နေ့မှ ၂၃.၈.၂၀၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပညာရေးကဏ္ဍများအလိုက် အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ရာတွင် ဦးစီးဌာနများ၏ ကဏ္ဍအလိုက် စွမ်းဆောင်မှုကို ပြန်လည်သုံးသပ်ခြင်း၊ NESP ဘက်ဂျက်ကိုက်ညီမှုကို သုံးသပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် NESP လုပ်ငန်းများအပေါ် အကြံပြု ဆွေးနွေးခြင်းနှင့် ပညာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနများအကြားတွင် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းစေရန် ဆွေးနွေးညှိနှိုင်းခြင်းတို့ ပြုလုပ်ခဲ့ပါသည်။