လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး) သည် ဆဋ္ဌမတန်း (Grade 6) သင်ရိုးသစ်ဗဟိုအဆင့် သင်တန်းအားလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ခြင်း

ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ရန်ကုန်မြို့တွင် (၇-၁-၂၀၁၉) မှ (၁၁-၁-၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော ဆဋ္ဌမတန်း (Grade 6) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းအား လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး) နှင့်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်းပါဝင်သော လေ့လာဆန်းစစ်အဖွဲ့ဝင်များသည် မြန့်မာပညာရေးအရည်အသွေးမြင့်မားရေးလုပ်ငန်းအစီအစဉ် (My-EQIP) ၏ နည်းပညာပံ့ပိုးမှုဖြင့် (၁၀-၁-၂၀၁၉) မှ (၁၁-၁-၂၀၁၉) ရက်ထိ ၂ရက်တာ ကွင်းဆင်းလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါသည်။