လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး) သည် တတိယတန်း (Grade 3) သင်ရိုးသစ်ဗဟိုအဆင့်သင်တန်းအားလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ခြင်း

ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ရန်ကုန်မြို့တွင် (၄-၂-၂၀၁၉) မှ (၈-၂-၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော တတိယတန်း (Grade 3) သင်ရိုးသစ်ဗဟိုအဆင့်သင်တန်းအား လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး)၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန) တို့ ပူးပေါင်းပါဝင်သော လေ့လာဆန်းစစ်အဖွဲ့ဝင်များသည် မြန့်မာပညာရေးအရည်အသွေး မြင့်မားရေးလုပ်ငန်းအစီအစဉ် (My-EQIP) ၏ နည်းပညာပံ့ပိုးမှုဖြင့် (၄-၂-၂၀၁၉) မှ (၈-၂-၂၀၁၉) ရက်နေ့ထိ ၅ရက်တာ ကွင်းဆင်းလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါသည်။