လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)
ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ရန်ကုန်မြို့တွင် (၂၁-၁-၂၀၁၉) မှ (၂၅-၁-၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော တတိယတန်း (Grade 3) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းအား လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး)၊ အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်ပညာနှင့်လေ့ကျင့်ရေးဌာန) တို့ ပူးပေါင်းပါဝင်သော အဖွဲ့ဝင်များသည် မြန့်မာပညာရေးအရည်အသွေးမြင့်မားရေးလုပ်ငန်းအစီအစဉ် (My-EQIP) ၏ နည်းပညာပံ့ပိုးမှုဖြင့် (၂၄-၁-၂၀၁၉) မှ (၂၅-၁-၂၀၁၉) ရက်ထိ ၂ရက်တာ ကွင်းဆင်းလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါသည်။