လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) သည် Grade -10 သင်ရိုးသစ်ဦးဆောင်ပို့ချသူ များဆိုင်ရာသင်တန်းအားလေ့လာဆန်းစစ်မှုပြုလုပ်ခဲ့ခြင်း။

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် (၁၃-၁၁-၂၀၁၉) မှ (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော Grade -10 သင်ရိုးသစ် ဦးဆောင်ပို့ချသူများဆိုင်ရာ သင်တန်း/ဆွေးနွေးပွဲအား လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(ပညာရေး)၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန) တို့ ပူးပေါင်းပါဝင်သော လေ့လာဆန်းစစ်အဖွဲ့ဝင်များသည် မြန့်မာပညာရေးအရည်အသွေးမြင့်မားရေးလုပ်ငန်းအစီအစဉ် (My-EQIP) ၏ နည်းပညာပံ့ပိုးမှု ဖြင့် (၂၅-၁၁-၂၀၁၉) မှ (၂၇-၁၁-၂၀၁၉)ရက်ထိ ၃ ရက်တာ ကွင်းဆင်းလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။