လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) တွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) လေ့လာဆန်းစစ်အကဲဖြတ်ခြင်း အညွှန်းဘောင်စတင်မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက “အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရဲ့ မဟာဗျူဟာများနှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုရလဒ်များကို ဖော်ပြနိုင်ရန် ယခုလေ့လာဆန်းစစ်အကဲဖြတ်ခြင်းအညွှန်းဘောင် (Monitoring and Evaluation Framework – M&E Framework) ကို ရေးဆွဲရခြင်း ဖြစ်ကြောင်း၊ လေ့လာဆန်းစစ် အကဲဖြတ်ခြင်းအညွှန်းဘောင်ဟာ လေ့လာဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းစနစ် (Monitoring and Evaluation System) တစ်ခုလုံးသာမက မဟာဗျူဟာများ ချမှတ်ခြင်း၊ အချက်အလက် စုဆောင်းခြင်း၊ တာဝန်ခံခြင်းနှင့် တာဝန်ယူဆောင်ရွက်ခြင်းတို့ရဲ့ လမ်းပြမြေပုံ ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရဲ့ ၁၀ နှစ်တာကာလအတွင်း အလေးထားဆောင်ရွက်သွားရမဲ့ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်း ၈ ခု ကို ဖော်ထုတ်ခဲ့ရာမှာ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းဟာ ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ပါဝင်ကြောင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းစနစ် ထူထောင်အသုံးပြုခြင်းဟာ ပညာရေးဝန်ကြီးဌာနရဲ့ အထောက်အထားအခြေပြု မူဝါဒများ ချမှတ်ရာမှာ အားကောင်း လာစေမည်ဖြစ်ကြောင်း” တို့ကို အဖွင့်မိန့်ခွန်း မြွတ်ကြားခဲ့ပါသည်။ ထို့နောက် လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) လေ့လာဆန်းစစ်အကဲဖြတ်ခြင်းအညွှန်းဘောင်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာညွန့်ဖေက အဖွင့်မိန့်ခွန်းမြွက်ကြားစဉ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာညွန့်ဖေက အဖွင့်မိန့်ခွန်းမြွက်ကြားစဉ် မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်က အညွှန်းဘောင်၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြစဉ် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော်များ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော်များ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော်များ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော်များ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော်များ