လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်း (Annual Performance Review – APR) နှင့် နှစ်အလိုက်ဘဏ္ဍာငွေပြန်လည်သုံးသပ်ခြင်း (Annual Budget Review – ABR) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးရုံးဌာနခွဲများနှင့် ဦးစီးဌာနများမှ လိုအပ်သော အချက်အလက်၊ အထောက်အထားများ တောင်းခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၃၀-၈-၂၀၂၄ (သောကြာနေ့) တွင် ရုံးအမှတ် (၁၃)၊ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်က ဦးဆောင်တက်ရောက်ဆွေးနွေးခဲ့ပြီး ဝန်ကြီးရုံးဌာနခွဲများနှင့်  ဦးစီးဌာနများမှ APR & ABR လုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေကြသည့် ညွှန်ကြားရေးမှူးများ၊ ‌တာဝန်ခံများနှင့် NESP Drafting Team အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြပါသည်။