ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည်
(၁) အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မဟာဗျူဟာများနှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည်သုံးသပ်နိုင်ရန်၊
(၂) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များကို သတ်မှတ်နိုင်ရန်၊
(၃) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်မည့် ကာလလတ် အကဲဖြတ်မှု (Mid-term Review) မတိုင်မီ NESP လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှု တိုးတက်စေရန်နှင့်
(၄) စီမံကိန်းကာလအတွင်းနှင့် ကာလအပြီးရလဒ်များ ပေါက်မြောက် အောင်မြင်နိုင်စေရန်အတွက် အကြံပြုတင်ပြချက်များရရှိနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်အလိုက် စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်း (Annual Performance Review – APR) နှင့် နှစ်အလိုက် ဘဏ္ဍာငွေပြန်လည် သုံးသပ်ခြင်း (Annual Budget Review – ABR) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပညာရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၊ ရုံးအမှတ် (၁၃) နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးရုံးဌာနခွဲများအပါအဝင် ဦးစီးဌာနများ အလိုက် အုပ်စုဖွဲ့ဆွေးနွေးခြင်းကို အပိုင်း (၁) ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆ လ) ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်း အောင်မြင်မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးသော လုပ်ငန်းများနှင့် မဆောင်ရွက်နိုင်သည့် အကြောင်းရင်းများကို ဆွေးနွေးဖော်ထုတ်ခြင်း၊ အပိုင်း (၂) လုပ်ငန်းအစီအစဉ်တစ်ခုစီအတွက် အမှတ်များ သတ်မှတ်ခြင်း၊ အပိုင်း (၃) ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဓိကဦးစားပေးလုပ်ငန်းများနှင့် ကြုံတွေ့နိုင်မည့်အခက်အခဲများကို ဆွေးနွေးဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကား ပြောကြားစဉ်ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားစဉ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ APR & ABR လုပ်ငန်းအဖွဲ့ဝင်များ မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ် ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ် ဝန်ကြီးရုံးဌာနခွဲများနှင့် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ဆွေးနွေးခြင်း ဆောင်ရွက်စဉ်