ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၊ သင်ကြားရေးနှင့် ပညာရည်စစ်ဆေးခြင်းဆိုင်ရာအကဲဖြတ်ဌာနခွဲအနေဖြင့် အခြေခံပညာမူလတန်းအဆင့် ပဉ္စမတန်း (Grade 5) သင်ရိုးသစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် သင်ကြားသင်ယူမှု အခြေအနေများကို လေ့လာဆန်းစစ်အကဲဖြတ်နိုင်ရန်အတွက် ညွှန်ကြားရေးမှူး (၆) ဦး ဦးဆောင်သော အဖွဲ့ဝင် (၁၃) ဦး ပါဝင်သည့် လေ့လာဆန်းစစ်အကဲဖြတ်အဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထက်တန်းဆင့်သင်ကျောင်း (၇) ကျောင်းနှင့် မူလတန်းဆင့်သင်ကျောင်း (၂) ကျောင်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။