ပညာရေးဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော်မည့် အခြေခံပညာအလယ်တန်းအဆင့် Grade 9 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို နည်းလမ်းတကျ လေ့လာဆန်းစစ်အကဲဖြတ်နိုင်ရန် ရည်ရွယ်၍ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (၁) ဦး ၊ ဒုတိယညွှန်ကြားရေးမှူး (၂) ဦး ဦးဆောင်သော အဖွဲ့ဝင် (၉) ဦး ပါဝင်သည့် ကွင်းဆင်းလေ့လာဆန်းစစ်အဖွဲ့သည် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းကို ၂၀၂၃ခုနှစ်၊ မေလ (၄) ရက်နေ့မှ (၉) ရက်နေ့အထိ သင်တန်းကျင်းပရာ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္မူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေသို့ သွားရောက်၍ ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သင်တန်းသား၊ သင်တန်းသူများကို အကဲဖြတ်မေးခွန်းလွှာများဖြင့် စစ်တမ်းကောက်ယူမေးမြန်းခြင်း (Questionnaire Survey)၊ သင်တန်းနည်းပြများနှင့် တွေ့ဆုံမေးမြန်းခြင်း (Interviewing)၊ သင်တန်းသားအချို့ကို အုပ်စုဖွဲ့မေးမြန်းခြင်း (Focus Group Discussion – FGD) နှင့် သင်တန်း အကောင်အထည်ဖော်ဆောင်ရွက်မှုကို မျက်မြင်အနေအထားဖြင့်လေ့လာသုံးသပ်ခြင်း (Observing) နည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၉၃) ဦး တက်ရောက်ခဲ့ပါသည်။
အခြေခံပညာအထက်တန်းအဆင့် (Grade 9) သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်း အခမ်းအနားဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမိန့်ခွန်းမြွက်ကြားနေစဉ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်း အခမ်းအနားဖွင့်ပွဲ ကျင်းပနေစဉ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းအား လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ဝင်များ အခြေခံပညာအလယ်တန်းအဆင့် (Grade 9) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းတွင် လက်တွေ့သင်ကြားလေ့ကျင့်ခြင်း ပြုလုပ်နေစဉ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်စုဖွဲ့တွေ့ဆုံမေးမြန်းခြင်း (Focus Group Discussion) ပြုလုပ်နေစဉ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းတွင် သင်တန်းနည်းပြများနှင့်တစ်ယောက်ချင်းစီ တွေ့ဆုံမေးမြန်းခြင်း (Individual Discussion) ပြုလုပ်နေစဉ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းတွင် သင်တန်းနည်းပြများနှင့်တစ်ယောက်ချင်းစီ တွေ့ဆုံမေးမြန်းခြင်း (Individual Discussion) ပြုလုပ်နေစဉ် အခြေခံပညာအလယ်တန်းအဆင့် (Grade 9 ) သင်ရိုးသစ်ဗဟိုအဆင့်နည်းပြသင်တန်းတွင် သင်တန်းနည်းပြများနှင့်တစ်ယောက်ချင်းစီ တွေ့ဆုံမေးမြန်းခြင်း (Individual Discussion) ပြုလုပ်နေစဉ်