အခြေခံပညာအထက်တန်းအဆင့် Grade 12 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်း အကောင်အထည်ဖော်မှု အခြေအနေကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း

လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (၃) ဦး ဦးဆောင်သော အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် ကွင်းဆင်းလေ့လာဆန်းစစ် အဖွဲ့သည် အခြေခံပညာအထက်တန်းအဆင့် Grade 12 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ (၄) ရက်နေ့မှ (၉) ရက်နေ့အထိ သင်တန်းကျင်းပရာ Naypyitaw State Academy ၊ ဇမ္မူသီရိမြို့နယ်၊ နေပြည်တော်‌‌ကောင်စီနယ်‌မြေသို့ သွားရောက်၍ ကွင်းဆင်းလေ့လာဆန်းစစ် အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သင်တန်းသား၊ သင်တန်းသူများကို အကဲဖြတ်မေးခွန်းလွှာများဖြင့် စစ်တမ်းကောက်ယူမေးမြန်းခြင်း (Questionnaire Survey)၊  သင်တန်းနည်းပြများနှင့် တွေ့ဆုံမေးမြန်းခြင်း (Interviewing) ၊  သင်တန်းသားအချို့အား အုပ်စုဖွဲ့မေးမြန်းခြင်း (Focus Group Discussion – FGD) နှင့် သင်တန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို မျက်မြင်အနေအထားဖြင့်လေ့လာသုံးသပ်ခြင်း (Observing)  နည်းလမ်းများကို အသုံးပြုခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၈၆) ဦး တက်ရောက်ခဲ့ပါသည်။